Wednesday, June 22, 2016

Norm Of The North (2016) မြန်မာစာတန်းထိုး

- ကလေး၊ လူကြီးမရွေး သဘောကျမယ့် စွန့်စားခန်းသရီး ဒီအန်နီမေးရှင်းဇာတ်ကားသစ်လေး ထွက်လာပြန်တာကြောင့် ပရိသတ်တွေအကြိုခံစားကြည့်ဖို့ ဖော်ပြပေးလိုက်ပါတယ်။
ဝင်ရိုးစွန်းဝက်ဝံ (ပိုလာဝက် ဝံ)တစ်ကောင်ဖြစ်တဲ့ နောမ်ဟာ ဘယ်လိုအမဲလိုက်ရတယ်ဆိုတာ မသိတဲ့ ဝက်ဝံတစ်ကောင်ဖြစ်ပြီး သူ့မှာရှိတဲ့ သူမတူတဲ့ စွမ်းရည် တစ်ခုကတော့ လူတွေလိုစကား ပြောတတ်တာပဲ ဖြစ်ပါတယ်။
သူတို့ရဲ့ အာတိတ်ဒေသကို လူတွေလာလာပြီး လေ့လာကြတဲ့ အခါမှာ နေစရာ၊ တည်းခိုစရာမရှိ တဲ့အတွက် အိမ်ခြံမြေလုပ်ငန်းရှင် တစ်ယောက်က အပန်းဖြေအိမ် တွေ၊ ကွန်ဒိုတွေ ဆောက်လုပ်ဖို့ကြံစည်နေတဲ့အတွက် အာတိတ် ဒေသက တိရစ္ဆာန်တွေတိုင်ပင်ပြီး အဲဒီလုပ်ငန်းရှင်သူဌေးရှိတဲ့ နယူး ယောက်ကို နောမ်ကိုလွှတ်ပြီး တားဆီးခိုင်းဖို့လုပ်ခဲ့ပါတယ်။
အိမ်ခြံမြေသူဌေး မစ္စတာ ဂရင်နီကြောင့် မွေးရပ်မြေပျက်စီး ကိန်းဆိုက်နေတဲ့အတွက် နောမ် ဟာ ဗြောင်းဆန်အောင်ဆော့တဲ့ သူ့မိတ်ဆွေ လမ်မင်ကြွက်ကလေး သုံးကောင်ကို အဖော်အဖြစ်ခေါ် ပြီး သင်္ဘောကြီးနဲ့ နယူးယောက်ကို လိုက်သွားခဲ့ပါတယ်။
အာတိတ်ဒေသနဲ့ ဆန့်ကျင် ဘက်မြင်ကွင်းတွေရှိတဲ့ နယူး ယောက်မှာ နောမ်တို့ခြေချမိတဲ့ အခါ ကြုံရတဲ့အလွဲလွဲအမှားမှား လေးတွေကလည်း ပရိသတ်တွေ ကို ရယ်ရွှင်ကြည်နူးမိစေမှာပါ။ နောမ်ဟာ အဲဒီအိမ်ခြံမြေကော်ပို ရေးရှင်းရဲ့ လာဘ်ကောင်အဖြစ် ဝင်လုပ်ခဲ့ပြီး အာတိတ်ဒေသကို အဖျက်အမှောင့်လုပ်မယ့် သူဌေး ရဲ့ အစီအစဉ်တွေကို တိတ်တ ဆိတ်စုံစမ်းခဲ့ပါတော့တယ်။
လုပ်ငန်းခွင်ထဲရောက်နေတဲ့ နောမ်က အာတိတ်ဒေသ ပျက်စီးမယ့် အရေးကို တားဆီးနိုင်မှာလားဆိုတာ ဆက်ကြည့်လိုက်ပါဦးနော်။ Ice Age ဇာတ်လမ်းလိုမျိုးလေးပဲဖြစ်လို့ ဒီမှာကော ဘယ်လိုအထူးပြုလုပ်ချက်တွေနဲ့ ဖန်တီးထားသလဲဆိုတာ မြည်းစမ်းကြည့် ဖို့ တိုက်တွန်းလိုက်ပါတယ်။ တ၀ါးဝါးတဟားဟားနဲ့ ဘ၀င်ကျစရာ မိသားစုနဲ့ အတူကြည့်ဖို့ သင့်တော်တဲံကားမျိုးပါ.။

Credit to -7day Daily
Encode by:Mg MOe Tain
Pcloud Download LInk - 800MB

Small File - 420MB
http://adf.ly/1bTtiE







Sagai United (2004) မြန်မာစာတန်းထိုး
  အရာရာမှ ကျရှုံးပြီး စိတ်ဓာတ်တွေကျဆင်းနေတဲ့ အရှုံးသမားဘောလုံး နည်းပြကြီး ကျေးတောရွာလေးတစ်ရွာကို သွားရောက် အလည်သွားမိရာကနေ ရွာသားလေးတွေ ဘောလုံးကန်တာကိုကြည့်ပြီး ဘောလုံးအသင်းတစ်သင်းဖွဲ့ဖို့ စိတ်ကူးရခဲ့ပါတယ်.။ ကပေါက်တိကပေါက်ချာဖြစ်နေတဲ့ ရွာသားလေးတွေကို ဘုရင့်ဖလားရရှိအောင် ပြိုင်ပွဲဝင်ကြတဲ့အခါမှာတော့........။
  ဘောလုံးလောကနောက်ခံ ကြည်နူးစရာ ထိုင်းဟာသ ဇာတ်လမ်းလေးဖြစ်ပါတယ်.။
  Imdb Raiting 6.9 တောင်ရရှိထားတာဖြစ်ပြီး ရုံတင်ပြသစဉ်ကလဲ အကြီးအကျယ်အောင်ပွဲခံနိုင်ခဲ့တဲ့ဇာတ်ကားလေးမို့ ကြည့်ဖြစ်အောင်ကြည့်ကြပါဦးလို့..။

Encode by: Mg Moe Tain
Pcloud Download Link -700 MB
http://adf.ly/1bSP1M





ခရီးသွားဆာမူရိုင်း Anime Samurai X (မြန်မာစာတန်းထိုး)
Samurai X (မြန်မာစာတန်းထိုး) Episode 4 ကြေးစားတိုက်ခိုက်ရေးသမား ဇန်ဇာပေါ်ထွက်လာခြင်း..

မေဂျီခေတ်ပြောင်းတော်လှန်ရေးကြီးမှာ သေမင်းလျှပ်စီးဓားသိုင်း (Hiten Mitsurugi-ryū) Batosai လို့ခေါ်တဲ့ ဓားသမားဟာ အစိုးရဘက်မှနေပြီး ကူညီ၍ စစ်ပွဲကြီးမှာပါဝင်တိုက်ခိုက်ခဲ့ပြီး သွေးစွန်းနေတဲ့ မိစ္ဆာတစ်ကောင်လို့ တင်စားခေါ်ဝေါ်ရလောက်အောင် ပြိုင်ဖက်ကင်းဓားသမား တစ်ယောက်ဖြစ်ခဲ့ပါတယ်.။ မေဂျီခေတ်သစ်ကို အရောက်မှာတော့ တော်ဝင်လူသတ်သမားဟာ ထူးဆန်းစွာပျောက်ဆုံးသွားခဲ့ပြီး သူကိုင်ဆောင်ခဲ့တဲ့ အသွားပြောင်းပြန်ဓားကို ကိုင်ဆောင်ထားတဲ့ အူကြောင်ကြောင် ခရီးသွားလူငယ်တစ်ယောက်ပေါ်ထွက်လာတယ်.။
ဒီအပိုင်းမှာတော့ ဇန်ဘာတိုဆိုတဲ့ ဧရာမဓားကြီးကို ကိုင်ဆောင်တဲ့ ကြေးစားတိုက်ခိုက်ရေးသမား ဇန်ဇာနှင့်ရင်ဆိုင်ကြရမှာပါ.။ ဇန်ဇာဆိုတာ တော်ရုံပြိုင်ဖက်ကို အားတောင်မသုံးပဲ နဖူးတောက်ထုတ်ပြီး ပစ်လဲကျအောင်လုပ်နိုင်စွမ်းရှိတဲ့ မြေအောက်လောကက အင်အားအင်မတန်ကြီးတဲ့ တိုက်ခိုက်ရေးသမားပါ.။ အမြဲတမ်း သန်မာတဲ့ ပြိုင်ဖက်ကို လိုက်ရှာနေတတ်သူတစ်ဦဖြစ်ပြီး ဂန္တ၀င်လူသတ်ကောင် ဘာတိုဆိုင်ဟာ ကန်ရှင်ဖြစ်မှန်းသိရှိသွားတဲ့အခါ သူတို့နှစ်ယောက်ရဲ့ တိုက်ပွဲ စတင်ပါတော့တယ်........။
        Pcloud Download Link -100MB
        Translated & Encode by: Mg Moe Tain
       http://adf.ly/1bSLZ6




Monday, June 20, 2016




မာန်နတ်ရဲ့ သတို့သမီး (သို့မဟုတ်) Penny Dreadful Season 1 Episode 2 (မြန်မာစာတန်းထိုး) 18+ 720P HD
ခပ်ကြမ်းကြမ်း ၁၈+ အခန်းတွေ ၊ မာန်နတ်ရဲ့ လက်ပါးစေတွေနဲ့ လူသားတို့အားပြိုင်မှု့တွေ ၊ အင်္ဂလန်သမိုင်းထဲက မိစ္ဆာနှိမ်နင်းသူ Dr.Van Helsing , ဂန္တ၀င်သွေးစုတ်ကောင် Doran Grey .လူသားဖုတ်ကောင်ကြီး Frankenstein , ကိုယ်ပျောက်လူသတ်သမား Jack စတဲ့ အင်္ဂလန်သမိုင်းမှာ ထင်ရှားတဲ့ ဇာတ်ကောင်တွေနဲ့ အမိုက်စား Tv Series တစ်ခုကို တင်ဆက်လိုက်ရပါတယ်.။ တစ်ပိုင်းလောက်ကြည့်ဖူးယုံနဲ့ နောက်အပိုင်းတွေကို ဆွဲခေါ်သွားနိုင်တဲ့ Tv Series အမျိုးအစားမျိုးပါ.။ Imdb Rating 8.2/10 အထိမြင့်မားစွာရရှိထားတဲ့ ကားကောင်းတစ်ခုဖြစ်တာကြောင့် .လက်လွတ်မခံကြပါနဲ့ဦး... :) .။
ဇာတ်လမ်းအကျဉ်း..
Vanessa Ives (Green) ဟာ မာရ်နတ်ရဲ့သတို့သမီးအဖြစ်မွေးဖွားလာသူပါ။ အပျိုဘော်ဝင်စအချိန်ကစပြီး သူဘုရားရှိခိုးတဲ့အခါတိုင်း တစုံတယောက်ကသူ့နားနားကပ်ပြောနေသလို တိုးတိုးညှင်းညှင်းအသံတသံကိုကြားရလေ့ရှိပါတယ်။ ၄င်းအသံဟာ ဘုရားကိုစွန့်ပယ်ပြီး အဆုံးမရှိတဲ့တန်ခိုးအာဏာတွေကိုရှာဖွေဖို့သူ့ကိုအဆက်မပြတ်တိုက်တွန်းနေပေမယ့် Vanessa ဟာသူ့ရဲ့ကတ်သလစ်ဘာသာအပေါ်သက်ဝင်ယုံကြည်မှုကိုမစွန့်လွှတ်ခဲ့ပါဘူး။
တနေ့မှာသူ့ငယ်သူငယ်ချင်းကောင်မလေး Mina Harker ကိုသွေးစုတ်ဖုတ်ကောင်တွေက ဖမ်းဆီးသွားတဲ့အခါ Mina ရဲ့အဖေ Malcolm Murray (Dalton) နဲ့ပူးပေါင်းပြီး Mina ကိုပြန်ကယ်ဖို့ကြိုးစားရပါတော့တယ်။ သူ့သူငယ်ချင်းကိုကယ်တင်ဖို့၊ သဘာဝလွန်အန္တရာယ်တွေကိုရင်ဆိုင်ဖို့အတွက် Vanessa ဟာ မာရ်နတ်ရဲ့လက်ဆောင်တခုကို မတတ်သာတဲ့အဆုံးလက်ခံလိုက်ရပါတော့တယ်။ ဒီလိုနဲ့ပဲ ရှေ့ဖြစ်မြင်နိုင်ပြီး တမလွန်ဘုံနဲ့ဆက်သွယ်နိုင်တဲ့အစွမ်းကို ရရှိခဲ့တယ်။
အမေရိကန်နိုင်ငံကဆပ်ကပ်အဖွဲ့တခုနဲ့အတူ Ethan Chandler (Hartnett) ဟာလန်ဒန်မြို့ကိုရောက်ရှိလာခဲ့တယ်။ သူဟာလက်ဖြောင့်သေနတ်သမားဖြစ်ပြီး ဆပ်ကပ်ပွဲမှာပုလင်းခွံတွေကို မလွတ်တမ်းမှန်အောင်သေနတ်နဲ့ပစ်ခတ်တဲ့ပြကွက်ကိုပြသနေတုန်း Vanessa နဲ့တွေ့ဆုံခဲ့တာပါ။ Ethan ရဲ့အစွမ်းကိုသတိထားမိတဲ့အတွက် Malcolm ရဲ့ကိုယ်ရံတော်အဖြစ်အလုပ်လုပ်ပေးဖို့ Vanessa ကကမ်းလှမ်းခဲ့ပါတယ်။
အဲ့ဒီညမှာသူတို့ ၃ ယောက်သားလန်ဒန်မြို့ဆင်ခြေဖုံးတနေရာက Vanessa အာရုံထဲပေါ်လာတဲ့ သွေးစုတ်ဖုတ်ကောင်အသိုက်တခုကိုသွားပြီး Mina ရဲ့သတင်းကိုစုံစမ်းကြပါတယ်။ သွေးစုတ်ဖုတ်ကောင်အချို့ကိုသတ်ဖြတ်ခဲ့ပြီး အလောင်းကိုစစ်ဆေးကြည့်ဖို့ ခန္ဒာဗေဒနားလည်တဲ့သူကိုစုံစမ်းရင်း Malcolm ရဲ့မိတ်ဆွေ Dr Van Helsing ကနေတဆင့် ငယ်ရွယ်တဲ့ဆရာဝန်လေး Victor Frankenstein နဲ့ရင်းနှီးခဲ့ပါတယ်။
လန်ဒန်မြို့ပေါ်ကမင်းစိုးရာဇာတွေကျင်းပတဲ့ကပွဲတွေကိုတက်ရောက်ရင်း Vanessa ဟာချောမောခန့်ငြားပြီး လျှို့ဝှက်တဲ့ Dorian Grey နဲ့တွေ့ဆုံခဲ့သလို၊ Malcolm ကလည်း အထက်တန်းလွှာကဗေဒင်ဆရာမ Evelyn Poole နဲ့ရင်းနှီးခဲ့ပါတယ်။ Ethan ကလည်း ပြည့်တန်ဆာမလေး Brona Croft (Piper) နဲ့ပျော်ပါးရာကနေ တကယ်သံယောဇဉ်တွယ်လာခဲ့ကြတယ်။
Frankenstein ကိုယ်တိုင်ကလည်း သူဖန်တီးခဲ့တဲ့ဖုတ်ကောင်ကြီးရဲ့လက်ကထွက်ပြေးနေရသူပါ။ Malcolm တို့အကူအညီတောင်းလို့ သွေးစုတ်ဖုတ်ကောင်ရဲ့ရုပ်ကြွင်းကိုခွဲစိတ်ကြည့်တဲ့အခါ အရေပြားအောက်ကအသားပေါ်မှာထွင်းထားတဲ့ အီဂျစ်အက္ခရာစာလုံးတွေကို ထူးဆန်းစွာတွေ့ရှိခဲ့ပါတယ်။ ဒီလိုနဲ့ပဲ Vanessa တို့ဟာစာလုံးတွေရဲ့အဓိပ္ပာယ်ကိုသိရဖို့အတွက် အီဂျစ်ယဉ်ကျေးမှုနဲ့စာပေအကြောင်းကျွမ်းကျင်သူ Dr Ferdinand Lyle ကိုချဉ်းကပ်ခဲ့ကြပါတယ်။
အဲ့ဒီအချိန်မှာပဲ လန်ဒန်မြို့ပေါ်မှာ လူတွေကိုအမဲဖြတ်သလိုသတ်ဖြတ်ထားတဲ့ လူသတ်မှုတွေတခုပြီးတခုပေါ်ပေါက်လာတဲ့အခါ…......
တစ်ပိုင်းကို တစ်နာရီဝန်းကျင်ကြာတဲ့ ဇာတ်လမ်းရှည် စီးရီးမျိုးဖြစ်ပါတယ်.။

Review Credit to-Admin N (Ko Nyi Lin Eain)
Pcloud Download Link - 400 MB
Translated by: Scarlet Phoenix
Encode by: Mg Moe Tain

Watch & Download Here
http://adf.ly/1bPTJy
Dirty Grandpa (2016) မြန်မာစာတန်းထိုး

အမေရိကန် မှာ နာမည်ကြီးဥပဒေ လုပ်ငန်းစုကြီးတစ်ခုမှာ အလုပ်အကိုင်ရပြီး အောင်မြင်နေသူ Jason( Zac Efron) တစ်ယောက်လက်ထပ်ပွဲ လုပ်ဖို့ ပြင်ဆင်နေချိန်မှာပဲ ဖွားအေဖြစ်သူ ကွယ်လွန်သွားတာကြောင့် အဘွားအသုဘ ကိုလာရင်း အဘိုးလုပ်သူ Dick ( Robert De Niro)က Florida ပြည်နယ်ကို ကားမောင်းလိုက်ပို့ဖို့တောင်းဆိုတော့ ငြင်းရခက်ခက်အခြေအနေနဲ့ လိုက်ပို့လိုက်ရပါလေကော။ အဘိုးဖြစ်သူ Dick ကတော့ မိန်းမဖြစ်သူလည်းမရှိ လွတ်လပ်သွားပြီဆိုကထဲက ကောင်မလေးငယ်ငယ်လေးများနဲ့ တွဲခုတ်ဖို့ လိင်ဆက်ဆံဖို့ ပျော်ကျဖို့ ကိုစိတ်ပြင်းပြနေတာပေါ့။

Jason တစ်ယောက် က အဘိုးကို ခရီးလမ်းမှာဘယ်လိုထိမ်းသိမ်းရမယ်မသိ ခေါင်းစားနေရင်း ဘိုးအေလုပ်သူကိုပဲ Jason ထိမ်းနိင်မလား ဘိုးအေလုပ်သူကလည်း ဘယ်လို အခွင့်အရေးတွေဖန်တီးယူပြီး သူဘဝအတွက်ပျော်စရာတွေရော မြေးဖြစ်သူကိုလည်း ပျော်စရာတွေ ခံစားတတ်အောင်ဖန်တီးယူသွားနိင်မလားဆိုတာကို ရိုက်ကူးထားတဲ့ရုပ်ရှင်ကားပါ။

တော်တော်ညစ်တီးညစ်ပတ်ဟာသတွေ များများစားစားပါဝင်ပြီး Male/Female Nude Scenes တွေလည်းပါဝင်တော့ ကလေးများအတွက်သင့်တော့မူမရှိပါဘူး။ လူကြီးပရိတ်သတ်တော့ ပေါ့ပေါ့ပါးပါး ရီစရာကောင်းတဲ့ကားပါ။ Zac Efron မိန်းကလေး ပရိတ်သတ်နှင့် ၁၈+ ဟာသတွေ နဲ့ လူငယ်ဆန်ဆန် လွပ်လပ်ပေါ့ပါးခြင်းတွေကို နှစ်သက်တဲ့ မိတ်ဆွေတို့အတွက် အကြိုက်တွေ့မှာသေချာပေါ့။

IMDB - 6.0 ရထားတဲ့ ဟာသကားဟာ 1h:42mins ကြာပါမယ်

ရုပ်ရှင်အညွှန်း - M-MDB

Encoded by: Mg Moe Tain
Pcloud Download Link - 800MB
Watch & Download Here
http://adf.ly/1bP7R0

Flower & Snake: Zero (2014) 18+ မြန်မာစာတန်းထိုး

Flower & Snake အပိုင်းဆက်များထဲမှာမှ 2014 မှာ ခေတ်အလိုက် ခေတ်အကြိုက်နဲ့ ထင်ဟပ်စေပြီး မင်းသမီးအင်အားများစွာနဲ့ အားဖြည့်ပါဝင်ထားတဲ့ အမိုက်ဆုံးဇာတ်လမ်းတစ်ပုဒ်..။

  စုံထောက်မလေး Misaki သည် မိန်းမချောလေးများကို မတရားဖမ်းဆီးပြီး လိင်ဆက်ဆံမှု့နှင့် အနှိပ်စက်ခံရပုံတို့ကို Show တစ်ခုပမာပြုလုပ်နေသော Video ကို ONline မှတစ်ဆင့်မြင်တွေ့လိုက်ရပြီးနောက် ဆိုးရွားလှသော ဒုစရိုက်အဖွဲ့အစည်းကို ချေမှုန်းရန်တာဝန်ပေးခြင်းခံရလေသည်.။ ဒုစရိုက်ဂိုဏ်းနောက်ကို ခြေရာစခံမိလာသောအခါ သူထင်ထားသည်ထက်ပိုမိုကြီးကျယ်ပြီး အစိုးရအရာရှိကြီးများ လူ့မလိုင်အထက်တန်းလွှာလူတန်းစားများမှ ပါဝင်ပက်သက်နေကြောင်း သိရှိလိုက်ရပြီး သူကိုယ်တိုင်ပါ ဒုစရိုက်ဂိုဏ်၏ သားကောင်ဘ၀သို့ရောက်ရှိခဲ့ရလေသည်.။
ဒုစရိုက်ဂိုဏ်း၏ လိင်ကျေးကျွန်သားကောင်ဘ၀က ဘယ်လိုရုန်းထွက်မလဲ ပြီးတော့ ဒုစရိုက်ဂိုဏ်းရဲ့ မုဒိန်း Show တွေလုပ်နေတာ ဘာအတွက်လဲ .ဆိုတဲ့ အရာတွေကို အဖြေထုတ်ကြရမယ့်အပြင် လူ့ကုန်တန်အသိုင်းအ၀ိုင်းရဲ့ မယုံနိုင်လောက်အောင်ကို ရက်စက်ယုတ်မာမှု့တွေကို ၁၈+ အကြမ်းစားနှောလို့ ကြည့်ရှု့ကြရမယ့် ဇာတ်ကားတစ်ကားပါ.။

Translated by: Scarlet Phoenix
Encode by: Mg Moe Tain
Pcloud Download Link - 800MB
Watch & Download Here
http://adf.ly/1bONaZ



Sunday, June 19, 2016

Royal Traump (1992) မြန်မာစာတန်းထိုး
   ဟာသမင်းသားကြီး စတီဗင်ချောင်ရဲ့ ဂန္တ၀င်ဇာတ်ကားတွေထဲမှာ တစ်ကားအပါအ၀င်ဖြစ်တဲ့ Roayl Tramp 1992 ပါ.။ မန်ချူးဘုရင်ကိုတော်လှန်နေတဲ့ မိုးမြေဂိုဏ်ချုပ်ကို သိပ်ပြီးလေးစားလွန်းတဲ့ ဝေရှောင်ပေါင်ဆိုတဲ့ ကောင်လေးဟာ တစ်ရက်မှာ အထူးတာဝန်တစ်ရပ်ပေးခံရပြီး နန်းတွင်းထဲကို သူလျှိုအဖြစ် တာဝန်ယူဆောင်ရွက်ပေးဖို့တာဝန်ပေးခြင်းခံရတယ်.။ နန်းတွင်းထဲသို့ ၀င်ရောက်ရန် တန်းစီတဲ့ နေရာမှာ လူတန်းကြီးဟာ ရှည်လွန်းလို့ ဝေရှောင်ပေါင်ဟာ လူနည်းတဲ့နေရာကို သွားရောက်တန်းစီခဲ့ပါတယ်။ ဒါပေမယ့် ဝေရှောင်ပေါင် သွားရောက်တန်းစီမိတဲ့ နေရာက နန်းတွင်းထဲမှာကုန်းကုန်လုပ်ဖို့ ယောကျာ်းတွေကို ဝှေးသင်းပေးတဲ့နေရာဖြစ်နေပါတော့တယ်.။ နန်းတွင်းအရှုပ်အထွေးတွေ အလိမ်အကောက်အလှည့်အပတ်တွေကြား လူလည်လူရှုပ်ဝေရှောင်ပေါင် ဘယ်လိုရုန်းကန် လှည့်ဖြားပြီး ကြုံလာသမျှ အရာတိုင်းကို အဆင်ပြေအောင် ရုန်းထွက်မလဲဆိုတာ တ၀ါးဝါးတဟားဟား ရယ်မောရင်းကြည့်ရှု့လိုက်ကြပါဦးလို့ . လက်တို့လိုက်ရပါတယ်.။

Translated by: Min Ma Naing
Encode by: Mg Moe Tain
Pcloud Download Link -800MB
Watch & Download Here

http://adf.ly/1bN3Um